သေးစိုသိပ် အိပ်တော့ ရွှေမြို့သူ

မြန်မာဆိုရှယ်နက်ဝပ်ဆိုဒ်တစ်ခုဖြစ်တဲ့  ရွှေမြို့တော်(ချစ်သူမြို့တော်) အတွက်
ရေးသားပြီး တင်ပြပေးလိုက်တဲ့ ပို့စ်တစ်ပုဒ်ကို ကိုယ်ပိုင်ဘလော့ဂ်ဆိုဒ်မှာ ပြန်လည်တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ် …

သေးစိုသိပ် အိပ်တော့ ရွှေမြို့သူ …

မင်းမင်းအောင် minnminnaung09@gmail.com (6.11.2011 00:10)

×-×-×-×-×-×-×-×-×-×-×-×

လွန်ခဲ့တဲ့ ရက်ပိုင်းလေးကပေါ့ … ကျွန်တော် ရွှေမြို့သူလေးတစ်ယောက်ကို သေးစိုသိပ် လိုက်ရပါသေးတယ် … အကြောင်းရင်းက …

ဒီနေ့ 2012 ဧပြီ 11 ရက်နေ့ … ပြန်တမ်းဝင် သင်္ကြန်ရုံးပိတ်ရက် 10 ရက်ရဲ့ ပထဆုံးနေ့ …
ကျွန်တော် အားနေတာနဲ့ တစ်ခုခုလေး ရေးချင်လာမိတယ် … ဘာရေးရရင် ကောင်းမလဲ …
စာဖတ်သူတွေအတွက် အပျင်းလည်းပြေရမယ် … ဖတ်လို့လည်းကောင်းရမယ် … ဗဟုသုတလည်း ရရမယ်လေ …

ကျွန်တော် ဆိုရှယ်နက်ဝပ်ဆိုဒ်တစ်ခုဖြစ်တဲ့ ချစ်သူမြို့တော် (ရွှေမြို့တော်) ကို အသင်းဝင်မှတ်ပုံ တင်စဉ်က အဖွဲ့ဝင် သုံးသောင်းရှစ်ထောင်ကျော်ပဲ ရှိပါသေးတယ် … အခုတော့ ရှစ်သောင်းကျော် လို့ နေပါပြီ … အသင်းဝင်ပြီး နောက်ပိုင်းမှာ ပို့စ်လေး နှစ်ပုဒ်လောက် ရေးဖြစ်ပါသေးတယ် …
ကိုယ်ချင်းစာမိမင်းသီဝိ …
မောင့်ပန်းမေတ္တာ ပန်ဆင်ပါ …
ဒါပေမယ့် ကျွန်တော့်ခံစားချက်ကပဲ ရွှေမြို့တော်ဆိုဒ်အတွက် ဘောင်မဝင်တာလား … ကျွန်တော်ကပဲ လက်ကြီးတာလားတော့ မသိပါဘူး … ဒီနေ့အထိ ရေးထားတဲ့ နှစ်ပုဒ်ပေါင်းမှ ဖတ်ရှုသူ (143) ကွန်မန့် (10) လိုက်ခ်(3) ခုပဲ ရပါသေးတယ် … ကျွန်တော့်ကိုယ်ပိုင် ဘလော့ခ်မှာတော့ ကျေနပ်လောက်တဲ့ အားပေးမှုတွေ ရရှိခဲ့ပါတယ် …
(ကျွန်တော်ပိုင်တဲ့ ကျွန်တော့်နေရာ လာရဲလာကြည့်)

ကျွန်တော်က အနှစ်သာရရှိရှိ ခံစားချက်မိမိ ရေးဖွဲ့တင်ဆက်လိုက်ပေမယ့် ရွှေမြို့တော်အဖွဲ့ ဝင်တွေရဲ့ အားပေးမှုကို ထင်သလောက် မရခဲ့တာကြောင့် ရွှေမြို့တော်ကို စိတ်ကောက်လိုက် တယ်ပဲ ဆိုပါတော့ဗျာ …

တကယ်တော့ ရွှေမြို့တော်ဆိုဒ်လေးဟာ နှစ်သက်စဖွယ်ကောင်းပါတယ် … အဖွဲ့ဝင်တွေဟာ မိသားစုတွေလို မောင်နှမတွေလို ဆွေမျိုးတွေလို နွေးထွေးပြီး ခင်မင်ရင်းနှီးကြတဲ့ အတွက် နှစ်ခြိုက်စရာလေးပါ … အခုနောက်ပိုင်းမှာတော့ အဖွဲ့ဝင်တွေ့ဆုံပွဲလေးတွေ၊ ပရဟိတ ကူညီလှူဒါန်းမှုတွေ၊ ကဗျာပြပွဲတွေ၊ စာမူကောင်းတွေကို ရွေးချယ်ဆုချတာမျိုးတွေနဲ့ ပိုပိုပြီးတော့ သာယာဖွယ် ကြည်နူးဖွယ် နှစ်သက်ဖွယ် ကောင်းလာပါတယ် …

အမှန်က ကျွန်တော်က နည်းပညာပိုင်းကိုပဲ အလေးထားတဲ့အတွက် ဆိုရှယ်လိုင်းတွေကို သိပ် မလိုက်ဖြစ်ခဲ့တာပါ … ရွှေမြို့တော်မှာ ဘလော့ခ်ပို့စ်တွေ မရေးဖြစ်ခဲ့ပေမယ့် အခါအားလျော်စွာ ဝင်ရောက်ဖတ်ရှုအားပေးခဲ့ပါတယ် … အမြဲတမ်းတော့ မကြည့်ဖြစ်ပါဘူး … အဲဒီတော့ ရွှေမြို့တော်ကို နည်းနည်း စိမ်းနေသလို ဖြစ်နေခဲ့ပါတယ် … ဒါပေမယ့် ကူညီပံ့ပိုးပေးနေ တဲ့ အပိုင်းလေးတွေလည်း လူမသိသူမသိ ရှိနေခဲ့ပါတယ် … ကျွန်တော်ဟာ နည်းပညာပိုင်းဖြစ်တဲ့ အတွက် ဆိုဒ်တော်တော်များများရဲ့ အက်ဒမင်တွေ ဆပ်အက်ဒမင်တွေနဲ့ ခင်မင်ပြီး အကူအညီတောင်းခံမှုတွေ ပေးရတတ်ပါတယ် … ရွှေမြို့တော်ဆိုဒ်ရဲ့ အက်ဒမင်အချို့နဲ့လည်း ခင်မင်ထားပါတယ် …

အဲဒီအထဲက ဒီနေ့ ကျွန်တော်အားနေလို့ လက်ဆော့ချင်တဲ့ ပစ်မှတ်က ရွှေမြို့တော်ရဲ့ နာမည်ကျော် ဆပ်အက်ဒမင် မေတ္တာရှင်မလေး ရှင်းသန့်မေ ပါပဲ ခင်ဗျာ … (ရှင်းတော့ လျှာတွေကိုက်မိနေလောက်ပြီလား မသိ)
(ပို့အကြမ်းကို ရှင်းဆီ ပေးပို့ရင်း ခွင့်ပြုချက်တောင်းတော့ ရှင်းက ကြိုပြီး ဟောကိန်းထုတ်ပါတယ် … အကို့ပို့စ်က ရှည်တယ် စာကို အဆုံးထိ ဖတ်ကြမှာ မဟုတ်ဘူး တဲ့ … အားတက်စရာကြီး … အဲဒါ ရှင်းလို စာဖတ်ဖို့ပျင်းတဲ့လူပဲ ဖြစ်မှာပေါ့လို့ စိတ်ထဲကတော့ ပြန်ပြောမိသား … အဲဒါ ဟုတ်/မဟုတ် သူငယ်ချင်းကပဲ ဆုံးဖြတ်ပေးပါတော့ …)
Minn။ ။ ရှင်းရေ …
Shin  ။   ။ ရှင့် .. အကို … နေကောင်းလား …
Minn။   ။ အင်း … ကောင်းပါတယ် … နှမကလေးရော။ လူ နေကောင်းကျန်းမာရဲ့လား … (နှမကို နွားမလို့ မဖတ်ရ)
Shin  ။   ။ ဟုတ် … ကောင်းပါတယ်ရှင့် …
Minn။   ။ စိတ်ရော ကောင်းရဲ့လား …
Shin  ။   ။ ခိခိ
ထုံးစံအတိုင်းပါပဲ … သူမနဲ့ ချက်ရင် ခိခိ နဲ့ တိန်ပဲ အများဆုံး ရတတ်ပါတယ် … ခိခိတိန်လို့တောင် ခေါ်လောက်နေပါပြီ …
Minn။   ။ ရှင်းရေ … ရှင်းသန့်မေ ဆိုတဲ့ နာမည်ရှေ့က
Shin  ။   ။ ဟုတ်ကဲ့ ပြောပါ အကို …
Minn။   ။ မေတ္တာရှင်မလေး ဆိုတဲ့ ဝိသေသနက ဘာလို့ ထည့်ထားတာလဲ …
Shin  ။   ။ အော် … ဖွားဖွားထည့်ပေးထားတာလေ … သတ္တဝါတိုင်းအပေါ်ကို မေတ္တာတရားထားတာကို ပေါ်လွင်စေချင်တာပါ …
Minn။   ။ ဟုတ်လား … အဲဒါဆို မေတ္တာတရား ကြီးမားတယ်ပေါ့ …
Shin  ။   ။ ဟုတ်ကဲ့ …
Minn။   ။ အကို့ကိုလည်း မေတ္တာနည်းနည်းလောက် ပေးသနားပါနော် …
Shin  ။   ။ ခိခိ …။ အားလုံးကို ပေးဝေထားပါတယ် အကို …
စကားကလည်း တတ်လိုက်သမှဗျာ … လှတောသားတွေကို ကျူရှင်သင်ပေးတဲ့ ဆရာမလား မှတ်ရတယ် … ကျွန်တော် ခွပ်မလို့ ခင်းလိုက်တာကို ရှောင်ဖြေသွားတာ လှတယ်ဗျာ … (ကိုကို မောင်မောင် ညီညီတို့ရေ … ရှင်း ဆီမှာ မေတ္တာတွေ လူတိုင်းကို ပေးနေသတဲ့ … ဝိုင်းတောင်းလို့ ရတယ်နော် …) ဒီလိုနဲ့ ရှင်းနဲ့ကျွန်တော် တစ်ယောက်နဲ့တစ်ယောက် (ပေါင်း=သုံးယောက် -/ငယ်ငယ်က သင်္ချာ အရမ်းညံ့လို့ခင်ဗျ/-) တော်တော်ခင်ခဲ့တယ် ဆိုပါတော့ … မောင်နှမတွေလို သူငယ်ချင်းတွေလို ပါပဲ။ အပြင်မှာ မတွေ့ဘူးပေမယ့် ရင်းရင်းနှီးနှီး ခင်မင်ခဲ့ကြပါတယ် …

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက လောကမှာ ဆွေမျိုးမတော်စပ်ခဲ့ဖူးတဲ့ လူ မရှိပါဘူးလို့ ဟောမိန့်ခဲ့ဖူးသလို (ပုဗ္ဗေစ သန္တိဝါသေန ပစ္စက္ခံ ပိယောတိ) ရှေးဘဝတွေတုန်း က ဆွေမျိုးတော်စပ်ခဲ့ဖူးရင် အခုဘဝမှာ ချစ်တတ်ခင်တတ် မြတ်နိုးတတ်ကြပါသတဲ့လေ … (အဲဒါဆို ဘဝတစ်ခုမှာ ရှင်းက အကို့သမီး ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့သလို အကိုဟာလည်း ရှင်းရဲ့ အဖေ ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့မှာပါနော် … ဟီဟိ … မကျေနပ်ရင် အကို့အမေ လုပ်လိုက်လေ ရှင်းရဲ့) ခင်မင်ရင်းနှီးမှု မြင့်မားလာတာနဲ့အမျှ ပြုပြင်မှု သွန်သင်မှုလေးတွေကိုလည်း ပေးခဲ့မိပါတယ် ။ ရှင်း ကိုယ်တိုင်ကလည်း နာခံလွယ်တဲ့ လူလိမ္မာလေးတစ်ဦးမိုလို့ ဆိုဆုံးမစကားတွေကို လိုက်နာတတ်ပါတယ် …

Minn။   ။ ရှင်းရေ …
Shin  ။   ။ ရှင့် .. အကို
Minn။   ။ ဘယ်လိုတွေ လုပ်ထားတာလဲ … လုပ်လိုက်ရင် နည်းနည်းတော့ ပြန်ကြည့်အုံးမှပေါ့ …
Shin  ။   ။ ဘာကိုလဲ အကို …
Minn။   ။ ရှင်း တင်လိုက်တဲ့ မန်ဘာတွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံတွေလေ …
ရှင်းက ချက်ချင်းတင်ချင်ဇောလောသွားပြီးတော့ ဒီအတိုင်း တင်လိုက်တာ မဟုတ်ဘူးလား …
Shin  ။   ။ အင်း … ဟုတ်တယ်လေ အကိုရဲ့ … ဘာဖြစ်လို့လဲ …
Minn။   ။ ဘာဖြစ်ရမှာလဲ ရှင်းက ကင်မရာထဲကနေ တိုက်ရိုက်တင်လိုက်တော့ ဖိုဒ်ဆိုဒ်က ကြီးနေတာပေါ့ … အဲတော့ ရှင်း ပို့စ်ကို ဝင်ဖတ်မယ်ဆိုပြီး ဖွင့်လိုက်ရင် ဖိုတိုတွေက ဆိုဒ်ကြီးနေတဲ့ အတွက် ပိတ်လုဒင်း (Page Loading) ကြာမှာပေါ့ဟ … မြန်မာပြည် ကွန်နက်ရှင်းနဲ့ အဆင် မပြေဘူးလေ ရှင်းရဲ့ … ဖိုင်ဆိုဒ်လေး ချုံ့ပြီးမှ တင်ပါလား …
Shin  ။   ။ အော် … ဟုတ်ကဲ့ အကို … ကျေးဇူးပါနော် …ရှင်း ပြင်လိုက်ပါ့မယ် …
Minn။   ။ အင်းပါ … ပြောပြန်ရင်လည်း မင်းအောင် လွန်ရာကျအုံးမယ် … လုပ်ပုံက အသုံးမကျဘူး လို့ ကိုယ့်ညီမမို့ မပြောတော့ပါဘူးနော် …
Shin  ။   ။ တိန် … ပြောပြီးပါပြီ အကိုရာ …

ကျွန်တော့်အပေါ်မှာ စိတ်မဆိုးတတ်တဲ့အပြင် နာခံလွယ်တဲ့ ညီမလေးတစ်ဦးကို ခင်မင်ခွင့်ရထား တာ ဂုဏ်ယူစရာပါပဲဗျာ … ကျွန်တော်ကိုယ်တိုင် ရွှေမြို့တော်အတွက် စာတွေမရေးပေးနိုင်ပေ မယ့် စာရေးနိုင်တဲ့ လူတစ်ယောက်ကို ကူညီစောင့်ရှောက်ရင်း ရွှေမြို့တော်အတွက် သံယော ဇဉ်လေးတွေ မသိမသာ ထားခဲ့မိပါတယ် …

ကျွန်တော်ဟာ နည်းပညာတွေကို ညဘက်မှာ ညဥ့်နက်အထိ လေ့လာတတ်ပါတယ် … တစ်ခါတစ်လေ လိုချင်တဲ့ ဆော့ဝဲလ်တွေဒေါင်းရင်း ညလုံးပေါက်ခဲ့ဖူးတာတွေလည်း မနည်းတော့ ပါဘူး … ည 10 နာရီလောက်ကနေ တစ်ခုခုလေး လေ့လာရင်း ရှာရင်း ဒေါင်းရင်း ခါးညောင်းလို့ ခါးထဆန့်လိုက်ပြီး ဘေးဘီကို လှမ်းကြည့်လိုက်တော့ မိုးစင်စင် လင်းနေခဲ့တဲ့ရက်တွေလည်း မနည်းပါဘူး … တစ်နေ့ညတော့ မှတ်မှတ်ရရ (9.4.2012) ည (1:30) နာရီလောက် အင်ဗစ်ဆေးဗယ်လ်နဲ့ထားတဲ့ ဂျီမေးလ်က ချက်ကို တစ်ချက်လှည့်ကြည့်တော့ …
အလို တယ်ထူးဆန်းပါလား … မိရှင်းတစ်ယောက် မအိပ်သေးဘူး … ဘာတွေများ လုပ်နေပါလိမ့် … ဆေ့တပ်မက်ဆေ့ခ်ျကို ကြည့်လိုက်တော့ … (ကော်ဖီသောက်ပြီး အိပ်လို့ မရဘူး) တဲ့ …
Minn။   ။ ရှင်း … ဘာတွေ ရုပ်နေတာရဲ မအိပ်တေးဘဲနဲ့ …

Shin  ။   ။ ရှင့် … ကော်ဖီသောက်လို့ အိပ်မရတော့ဘူး … အဟင့်
Minn။   ။ ဟုတ်လား … အိပ်မပျော်တာနဲ့ လိုင်းတက်လာတယ်လား …
Shin  ။   ။ အင်း ဟုတ်ကဲ့ … ရွှေမြို့တော် ဘလော့ခ်ပို့စ်တွေ ရေးနေတာ
Minn။   ။ အိပ်မရရင်လေ … နည်းကို ပြောပြရမလား
Shin  ။   ။ အင်း ပြောလေ
Minn။   ။ အိပ်မရတော့ မအိပ်နဲ့ ပေါ့ဟ … လွယ်လွယ်လေးကို
Shin  ။   ။ တိန် … အိပ်မရလို့များ သီချင်းဆိုပြမလိုလားလို့
Minn။   ။ ဆိုပြမယ်လေ … နားထောင်မလား
Shin  ။   ။ ဟုတ်ကဲ့ …
Minn။   ။ ♪♫ ကျွန်တော်ချစ်တဲ့ ×× ကျွန်တော့်ချစ်သူမှာ ×× ချစ်သူ ရှိတယ် ♪♫ … နည်းနည်း ပြင် ဆိုမယ်နော် …
(×× ကျွန်တော်ချစ်တဲ့ ×× ကျွန်တော့်ချစ်သူမှာ ×× လင်ကလေးတွေ ရှိတယ် ××) ဟီဟိ ☺☻
Shin  ။   ။ ခိခိ …
Minn။   ။ (×× ကျွန်တော်ချစ်တဲ့ ×× ကျွန်တော့်ချစ်သူမှာ ×× ချစ်သူ ရှိတယ် ××)  ရှိလား …

Shin ။ ။ ရှိဘူး … ရှာပေး … အကိုတွေက မရှာပေးလို့လေ
Minn။ ။ ဘာမှ ဆိုင်ဘူး … ညီမတွေကမှ အစွမ်းအစမရှိတာ …
Shin ။ ။ တိန်
Minn။ ။ အဲဆိုရင် (×× ကျွန်တော်ချစ်တဲ့ ×× ကျွန်တော့်ချစ်သူမှာ ×× ချစ်သူ ရှိတယ် ××) ဆိုတာ မဟုတ်ဘူးပေါ့နော် …
Shin ။ ။ အင်း … အဲ … သိဘူးလေ … အကိုချစ်တာ ဘူလဲ …
Minn။ ။ အခုက ဘယ်သူ့ကို မေးနေမိလို့လဲ
Shin ။ ။ တိန် … အကိုနော် … နာချင်လို့ … ကစ်လိုက်ရ … လက်သီး …
အဲ့လိုဗျာ … ရှင်း ဆိုတဲ့ငတိမက အိပ်မရတာတောင် အလကားမနေဘူး … သူရဲ့ချစ်သူ တစ်ပိုင်း ဘော်ဒါတစ်ဝက် ဖြစ်နေတဲ့ ရွှေမြို့တော်အတွက် အချိန်တော်တော်များများကို ပေးဆပ်ရင်း စာပေမွေ့သူ တစ်ယောက်ဖြစ်နေရှာပေါ့ … ကျွန်တော် တကယ်လေးစားမိတယ် … ဘာလို့လဲဆိုတော့ ကျွန်တော် အရင်က စာတော်တော်များများကို အချိန်ကုန်ခံပြီး ရေးခဲ့ပေမယ့် အခုအချိန်မှာ အဲလိုမရေးဖြစ်ပါဘူး … ကျွန်တော်ရေးခဲ့စဉ်က စာကောင်းပေမွန်လေးတွေဖြစ်ခဲ့ပေမယ့် အခုလိုအင်တာနက်ဆိုတာ မသုံးတတ်ခဲ့လေတော့ မိသားစုနဲ့ ပတ်ဝန်းကျင်ကလူတွေလောက်ပဲ ဖတ်ဖြစ်ပါတယ် … ကိုယ့်စာကြောင့် လူတစ်ယောက် အသိအမြင်ရသွားပြီး ပြုပြင်ဆင်ခြင်သွားတယ်ဆိုရင်ပဲ အများအကျိုးကို သယ်ပိုးရာရောက်သွားပါ တယ် … ရှင်းတို့အနေနဲ့ကျတော့ ရေးသမျှကို အင်တာနက်ပေါ်တင်လိုက်တာနဲ့ လူပေါင်းများစွာ ဖတ်နိုင်သွားပါတယ် … စာကောင်းကောင်းတွေ ရေးနိုင်လေ အများအကျိုး သယ်ပိုးရာရောက်လေလေမို့ အခုခေတ် ရှင်းတို့လို စာအဆက်မပြတ် ရေးတင်နိုင်တဲ့ ဘလော့ဂါတွေကို ကျွန်တော် တကယ်ပဲ လေးစားမိပါတယ် …
Minn။   ။ နှမလေး … သွားအိပ်တော့ကွာ 2 နာရီ ခွဲနေပြီ …
Shin  ။   ။ ရှင့် … အိပ်ချင်ဘူး … အိပ်လို့ရဘူး … အဟင့်
Minn။   ။ အာ .. အိပ်ရေးပျက်ပြီး ပိန်သွားရင် ဝိတ်ကျနေအုံးမယ်
Shin  ။   ။ အကိုကရော အိပ်ဘူးလား … ဘာလုပ် ။ ကောင်မလေးနဲ့ ကြူနေတာလား .. ခိခိ
Minn။   ။ ဟင့်အင်း အိပ်ဘူး … ဟုတ်ဘူးဟ … ဆော့ဝဲလ် ဒေါင်းနေတာ … အခုချိန် အကောင့်ထဲ မှာ မိန်းကလေးဆိုလို့ ရှင်း တစ်ယောက်ပဲ ရှိတယ်ဟ … ရှင်းလည်း မအိပ်ချင်သေးဘူး မဟုတ်လား
Shin  ။   ။ ဟုတ် … အိပ်ချင်ဘူး
Minn။  ။ ရှင်း မအိပ်ချင်သေးရင် တို့မောင်နှမ ကြက်ဖခွပ်ကြမယ်လေ …
Shin  ။   ။ အင်း … ကောင်းတယ် ။ ခိခိ …
Minn။ ။ ကဲ ခုံပေါ်က ဆင်း စမယ် … တစ် … နှစ် … သုံး …
Shin ။ ။ ကြက်ဖတိန်ညင် တောကိုဝင် ၊ မောင်ရင်လာ လေးနဲ့ပစ်
Minn။   ။ မပစ်ပါနဲ့ မောင်ရင်ရယ် ၊
Shin  ။   ။ ကြက်တက်ဆူးလို့ သေပါ့မယ်
Minn။   ။ အဲ မောင်ရင်က (ကို)ရင်မောင် မဟုတ်ဘူးလား … အက်ဒမင် ထင်တယ် … ရှင်းနဲ့  ဘာလိုလို ဆို
Shin  ။   ။ ခခိခိ
Minn။   ။ ဟော ရယ်တယ်ဟ … အဲဆို ဟုတ်မှာ
Shin  ။   ။ အာ … ဘယ်ကလာ
Minn။   ။ ရှက်မနေပါနဲ့တော့ ညလေးရယ် … တော်ကြာ သင်္ကြန်ပြီးရင် ကဆုန် နယုန် ဝါဝင်သွား ပါအုံးမယ်
Shin  ။   ။ တိန်
အဲ့နေ့ည နံနက် 4 နာရီလောက်မှ ရှင်း အိပ်ယာဝင်သွားပါတယ် … ကျွန်တော်လည်း ရှင်းရေးတာတွေကို အားပေးအုံးမှလို့ မေးလ်ထဲရောက်နေတဲ့ ရွှေမြို့တော်က ရှင်းရဲ့ပို့စ်လေးတစ်ပုဒ်ကို ဝင်ဖတ်လိုက်မိတယ် … အချစ်စိတ် ကန်းပါရစေသား … တဲ့ ။

အဲ့ဗျာ … လက်စသပ်တော့ အိပ်မပျော်တာ ဒါ့ကြောင့်ကိုးးးးး … ယောက်ျားလေးတွေက အရက်တွေ ဘီယာတွေနဲ့ အသဲကွဲတယ် … ရှင်းက အဲလောက်သတ္တိမရှိတော့ ကော်ဖီသောက်ရင်း အသဲကွဲရာက အိပ်မပျော်ဖြစ်ခဲ့တာကိုးဗျ … အိပ်မပျော်ဘူးဆိုလို့ သနားမိသွားတဲ့ စိတ်ကလေးတောင် ဘယ်ရောက်သွားလဲ မသိ။

ကာရန်နဘေတွေ မရှာတတ်လို့၊ မြန်မာကဗျာရေးထုံးကို မပိုင်နိုင်လို့ အလွယ်သဘောနဲ့ ခံစားချက် ကိုပဲ ဦးစားပေးပြီးရေးတတ်ကြတဲ့ မော်ဒန်ကဗျာဆိုတာတွေကို ကျွန်တော် မကြိုက်ပါဘူး … ခံစားချက် ပြင်းထန်တာလေးတွေ ပေါ်လွင်တာကို ကြိုက်ပေမယ့် ဈေးသည်မ ရပ်ထဲရွာထဲ ဈေးလည်ရောင်းရင်း ကြားဖူးနားဝ ကြားခဲ့မိသမျှ ချရေးရင်တောင် မော်ဒန် ကဗျာ ဖြစ်ပါတယ် လို့ပြောရင် ကျွန်တော့်ကို ခံယူချက်အစွန်းထွက်တယ်လို့ ဆိုကြအုံးမလား မသိ။ ဘာပဲဖြစ်ဖြစ် ကိုယ့်နှမရေးတဲ့ကဗျာကို စိတ်မပါ့တပါ အားပေးဖတ်ရှုလိုက်ပါတယ် …

ဒီအရွယ်ထိ အပျိုကြီး ဖြစ်နေရတာတောင် ကျွတ်ဖို့လွတ်ဖို့ ဆုမတောင်းဘူး … (မြတ်ဘုရားထံ တောင်းဆုပန်လိုက်မယ် … တပည့်တော်မ အချစ်စိတ်ကန်းပါရစေသား…) တဲ့ … (ငါ့အချစ်စာမဖွဲ့ လောက်ပေမယ့် မျက်ရည်တွေ့ တလဲ့လဲ့…)နဲ့ ဆုတောင်းနေသေးတယ် … (ရင်ခုန်သံဖလှယ်တဲ့ညတွေ တဖျောဖျောကြွေကျမှာ ငါကြောက်နေမိ) တာများ အချစ်စိတ် ကန်းပါ ရစေသား …. တဲ့ ။ ကန်းပါလိမ့်မယ် အားကြီးကြီး …
(လူမသိ၊ လူမရှိတဲ့ အရပ်ကိုသွားပြီး …………… တငိုငိုတရယ်ရယ် မမြင်စေ) ချင်တာ အုံ့ပုန်းပူ လူသိမှာစိုးလို့ မဟုတ်လား …
(မင်းရှေ့တိုးမလာခဲ့သလို ငါလည်းမင်းဆီမလာခဲ့) တဲ့ မာနတွေ အပြန်အလှန် ထားကြရင်း (မင်းစိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါ) ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတော်ကောင်း လုပ်ချင်နေသေးတယ် …
(ငါ့မသိစိတ်ကရှေ့တိုးချင်ပေမယ့်လည်း ငါမသိစိတ်ကနောက်ဆုတ်လိုက်) တဲ့ ဇဝေဇဝါ မပြတ်မသားနဲ့ နှလုံးသားကို ကိုယ်တိုင်း မွမွကြေအောင် နင်းခြေရင်း (ငါဝေးဝေးကပဲ တိတ်တိတ်ဆိတ်ဆိတ်နေပါမယ်) တဲ့လား … ကောင်းသားပဲ … မျက်စိနောက်သက်သာတာပေါ့ …

ကိုယ့်နှမမို့ မျက်နှာသာမပေးချင်လို့သာ (ရွှေရေးပန်းကန်တက်မှာစိုးလို့) ကဗျာကို ရစရာ မရှိအောင် ဝေဖန်လိုက်မိတာ … အမှန်က ဖတ်ရင်းနဲ့ ရင်ထဲကို စူးစူးရှရှ နက်နက်နဲနဲလေးကို တနင့်နင့် ဖြစ်သွားတာ … အလွမ်းဓာတ်ခံ ရှိသူတွေအတွက်ကတော့ … ဘာပြောကောင်းမလဲ မှိုင်သွား ငိုင်သွားမိမှာ … ပြီးတော့ တစ်ချို့က ရှင်းရေးသလိုပဲ ဆုတောင်းစာသားလေးကို တိုးတိုးလေးလိုက်ပြီး ရေရွတ်လိုက်မိကြမှာပါ … (အချစ်စိတ်ကန်းပါရစေသား) လို့ …

ရှင်းရဲ့ ခံယူချက်ကတော့ ရှင်းပါတယ် … (***သခင်သိပါစေ***) မှာရေးဖွဲခဲ့သလို
ကဗျာဆိုတာ နှလုံးသားထဲက ၀ိညာဉ်၊ ခံစားချက်နဲ့တည်ဆောက်
အလွမ်းကိုအခြေခံ ကြွေမွနေတဲ့အသည်းကို
(သခင်မမြင်လည်း) ကိုယ်အသည်းကို တစစီပြန်ဆက် ကဗျာအဖြစ်အသက်သွင်း ပါသတဲ့ …
အိမ်မက်တွေကို စိတ်ကူးနဲပုံဖေါ် ကဗျာချစ်သူတိုင်းအတွက်
ငါကဗျာဝိညဉ်ကို ဆက်လက်အသက်သွင်းမယ် (သခင်သိပါစေ) လို့ ခံယူရေးဖွဲ့ တင်ဆက်သွားပါတယ် …

ရွှေမြို့တော်ဆိုတာ ဆိုရှယ်ဆိုဒ်ဖြစ်တဲ့အတွက် အချစ်အလွမ်းတွေကို စာဖတ်သူတွေအတွက် ထိထိမိမိပေးနိုင်ဖို့ အဓိကကျတယ် မဟုတ်လား … ရှင်းရဲ့ကဗျာလေးတွေ ဘလော့ခ်ပို့စ်လေးတွေ က အဲဒီရည်ရွယ်ချက်ကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးထားတာမို့ နှလုံးသားနဲ့ခံစားရင်း အားပေးဖတ်ရှုလိုက်မိပါတယ် … (အဟင့် နိုချင်ရာပီ)

အိပ်မပျော်ဖြစ်ခဲ့တဲ့ ရှင်းဟာ ဧပြီ 9 ရက်နေ့ညမှာပဲ အများအကျိုး သယ်ပိုးမှုတွေအဖြစ် ဓမ္မနဲ့စပ် ယှဉ်တဲ့ (***လောကဓံတရားကို ရဲရဲရင်ဆိုင်နိုင်ကြပါစေ***) ဆိုတဲ့ပို့စ်ကိုလည်း ဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်းကဗျာလေးနဲ့အတူ ရေးသားတင်ပြရင်း ဘဝတိုးတက်ရေးကြိုးစားမှုမှာ လောကဓံကို မတုန်မလှုပ်အံတုရင်ဆိုင်ကျော်လွှားကြဖို့ တိုက်တွန်းထားပြန်ပါတယ် … ဧပြီ 9 ရက်နေ့ည အိပ်ရေးပျက်သွားလို့ နောက်နေ့မှာ အနားယူမယ် ထင်သော်လည်း … ဧပြီ 10 ရက်နေ့ နံနက် 6:30 မှာ ထပြီး ကျောင်းသွားရပါတယ် … ကျောင်းမှာ အိပ်မငိုက်အောင် ထိန်းနေတဲ့အတွက် ညနေ 5 နာရီထိုးပြီး ပြန်လာချိန်မှာတော့ ခေါင်းတွေမူး နားတွေပိတ်(အူ)နေပေမယ့် သူမ သံယောဇဉ်ရှိတဲ့ ရွှေမြို့တော်ဆိုဒ်က အဖွဲ့ဝင်တွေအတွက် လိုင်းတက်လာပြီးတော့ လုပ်သင့်တာ ကို ဆက်လုပ်ပါသေးတယ် …

Minn။   ။ အခုည ကွန်ပျူတာကို အရမ်း မသုံးနဲ့တော့ … စောစောအိပ်ကွာ …
Shin  ။   ။ ဟုတ် … စော်စော်အိပ်မယ်
Minn။   ။ အခု မအိပ်နဲ့အုံးလေ … ရေမိုးချိုးပြီး ထမင်း ဝဝ စား၊ ည 8 နာရီလောက်မှ နွေးနွေးထွေးထွေး အိပ်ပစ်လိုက် …
Shin  ။   ။ ဟုတ်
Minn။   ။ အခုချိန်အိပ်လိုက်ရင် ည 11 နာရီလောက် နိုးလာအုံးမယ်၊ အဲကျ မျက်စိပါကြောင်နေ လိမ့်မယ် …
Shin  ။   ။ ဟုတ်ကဲ့ ရှင့် …
Minn။   ။ အကို့ညီမက လိမ္မာသားပဲ နော့
Shin  ။   ။ ရှင်းက လိမ်မာတာ ခုမှသိလား
Minn။   ။ အင်း … အရင်ကတည်းက သိပါတယ်၊ အလိမ္မာတုံးလေးမှန်း သိပြီးသား
Shin  ။   ။ ခိခိ
Minn။   ။ အလည်းအတယ် လိမ်လည်းလိမ်တယ်၊ မာလည်းမာတယ် တုံးလည်းတုံးတယ်
လေးလည်းလေးတယ်လေ … အဲဒါ အလိမ္မာတုံးလေးပေါ့ …
Shin  ။   ။ တိန်

သူမက ကျန်းမာရေး ချူချာတတ်လို့ တမင် တိုက်တွန်းပေးလိုက်ရတာပါ … သူမ နေမကောင်းဖြစ် လို့ ရွှေမြို့တော်အတွက် စာတွေ မရေးနိုင် ဖြစ်မှာကို စိုးရိမ်မိလို့ပေါ့ … ညနေ 6 နာရီလောက်မှာ သူမ အိပ်ယာဝင်သွားပြီး ည 9 နာရီခွဲ မထိုးခင်မှာ အကောင့်ပြန်စိမ်းလာတာကြောင့် …

Minn။   ။ ဟိတ်ရောင် … သွား မအိပ်သေးဘူးလား
Shin  ။   ။ ခိခိ … အိပ်တာ …ခုထလို့
Minn။   ။ မပျော်ပြန်ဘူးလား … ဘယ် အချိန်က ဝင်အိပ်တာလဲ
Shin  ။   ။ အင်း … အကို့ကို နှုတ်ဆက်ပြီးတည်းက
Minn။   ။ ဟွန်း … ပြောသားပဲ စောစော ဝင်မအိပ်ပါနဲ့ ဆို၊ ပြောစကားမှ နားမထောင်ဘဲ
Shin  ။   ။ ခိခိ
Minn။   ။ အခု အိပ်မပျော်ဘူးလား
Shin  ။   ။ အင်း … သီချင်းဆိုပြ
Minn။   ။ အိပ်မယ် ဆိုမှ ဆိုသိပ်မယ် မအိပ်ရင် မဆိုသိပ်ဘူး
Shin  ။   ။ အိပ်မယ် … ဆို သိပ် …
Minn။   ။ ကဲ စမယ် … တဲ့ နှယ် တူ တယ် …. တဲ့ နှယ် တူ တယ်
Shin  ။   ။ ခိခိ

ရွှေမြို့တော်သူ ရှင်းသန့်မေလေး သွားအိပ်ဖို့အရေးကို ကျွန်တော် ကဗျာလေးတစ်ပုဒ် လက်တန်းရေးလို့ ချော့သိပ်လိုက်ရပါသေးတယ် … ကျွန်တော် ချော့သိပ်လိုက်မိတဲ့ ကဗျာလေးက …

ရှင်းသန့်မေလေး အိပ်ပါ ဆို
အို အေး အေး အို ….
မောင့် သဲပျို ဒေဝီလေး ရယ်
မောင် ချော့ကာ သေးစို သိပ်မယ်
အိပ်တော့ ရေ ဝေးးးးးးးး
(ဆောရီးနော် သတ်ပုံမှားသွားလို့ တေးဆို ပြောတာ သေးစို မဟုတ်ပါဘူး …)

အဲဒါမှ အိပ်မပျော်သေးဘူးဆိုရင်လည်း ကျွန်တော်လည်း အဲထက်ပိုပြီး မတတ်နိုင်တော့ပါဘူး … ရွှေမြို့တော်က ကိုကို မောင်မောင် ညီညီ တို့ကပဲ တစ်ယောက်တစ်လှည့် ဆက်ပြီး ချော့သိပ် လိုက်ကြပါလားဗျာ …

(ဒီပို့စ်ကို မေတ္တာရှင်မလေး ရှင်းသန့်မေ ရဲ့ ခွင့်ပြုချက်နဲ့ တင်ပြလိုက်တာ ဖြစ်ပါတယ် ..)

ရွှေမြို့တော်(ချစ်သူမြို့တော်) ဆိုဒ်မှာ 15-16.4.2012 နှစ်ရက်အတွင်း
ဖတ်ရှုသူ (262) ကွန်မန့် (27) လိုက်ခ် (1) ရရှိထားပါတယ် … See it
Advertisements
This entry was posted in ကဗျာ၊ ရသစာ. Bookmark the permalink.

6 Responses to သေးစိုသိပ် အိပ်တော့ ရွှေမြို့သူ

  1. CUPID says:

    ညဘက်ထ္မင်းအဝစားမှတော့
    ဝက်ပုတ်ဖြစ်ပြီး(ထိန်ပင်)ရောက်တော့မှာပေါ့
    ရေဝေးဆိုတော့အင်းသေချာပါတယ်
    ရောက်တော့ရောက်မှာပါဟိဟိ
    ရောက်မကြာအွန်လိုင်း
    အောင်မှာတော့ရင်ဝယ်လှိုင်းထ
    ရိုင်းတယ်တော့မထင်လိုက်ပါနဲ့ 
    အန့်  ဒေါ်ရှင်းရေ
    အောင်ချစ်တာနော်သိတာမှို့ 
    သတိ(…..)သည်

  2. မြတ်နိုးဇော် says:

    အိပိရေးမဝရင်လူရေမလှဘူးတဲ့
    လူရေလှအောင် စောစောအိပ့်

  3. ဇင်ဇင် says:

    ကောင်းပါတယ်
    ဒီထက်ဒီထက် ပိုရေးနိုင်ပါစေနော်

  4. ငထိုက် says:

    မိုက်တယ်..ဒါပေမယ့်….:P

  5. သူလေး says:

    အင်းအရှည်ကြီးပဲ မဖတ်နိုင်လို့ မဖတ်တော့ပဲအားပေးခဲ့တယ်နော်

  6. Ye Linn says:

    ကောင်းပါတယ်ဗျာ

Command လေး ရေးပြီး အားပေးခဲ့ကြပါအုံးဗျာ ...

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s